Saturday, March 19, 2011

Proverbs


၁။ အတွေ့အကြုံစုံပြီး သင်ခန်းစာတွေ ပြည့်ဝပြီးမှ အလုပ်လုပ်မယ်ဆိုလို့ မဖြစ်ဘူးလေ။အသံကောင်းပြီးသား အဆိုကျေညက်ပြီးသားငှက်တွေချည်း တေးဆိုရမယ်ဆိုရင် တစ်တောလုံး တိတ်ဆိတ်နေမှာပေါ့
 
၂၊ လက်သားအောက်က လူတွေဟာ အဖိုးတန်တွေပါ။ အုတ်ခဲကျောက်စရစ်ခဲတွေမဟုတ်ဘူး။ အလွယ်တကူ ၀ယ်လို့ ရတဲ့ပစည်းတွေမဟုတ်ဘူး။ လုပ်ငန်းအတွက်အဓိကအရေးပါတဲ့ရင်းနှီးမြုပ်နှံမှုတွေ။ ဒီအရင်းအနှီးတွေ ကိုကာကွယ်စောင့်ရှောက်ရမယ်။

၃။ အောင်မြင်တဲ့အိမ်ထောင်တစ်ခုဟာ လူတစ်ယောက်ရဲ့ဘ၀ကို အကြီးအကျယ်ပံ့ပိုးထောက်ကူပေးနိုင်တယ်။ သူ့ အတွက်တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို အကျိုးကျေးဇူးပေးနိုင်တယ်။ ထိုနည်းတူ၊ မအောင်မြင်တဲ့ အိမ် ထောင်တခုကြောင့် ပေးဆပ်ရမယ့် နစ်နာဆုံးရူံးမှုဟာလည်း တိုင်းတာမရနိုင်လောက်အောင်ပဲ ကြီးမားတယ်။

၎။ ငွေဟာ အရာများစွာကို ဖန်တီးပေးနိုင်တာမှန်ပေမယ့် တကယ်တမ်းလူ့ ဘ၀မှာ တန်ဖိုးအရှိဆုံး ရတနာတွေ ဖြစ်တဲ့ ကျန်းမာရွှင်လန်းမှု၊ မိတ်ကောင်းဆွေကောင်း၊ သစာရှိလုပ်သား၊ ချစ်ခြင်းမေတာ၊ သာယာသောမိသားစု ဘ၀နဲ အစစ်အမှန် လေးစားခံရမှုဆိုတာတွေကိုတော့ ငွေပေးဝယ်လို့ မရနိုင်ဘူး။


၅။ သစ်ပင်ကြီးလေလေ၊ လေတိုက်ခံရလေလေပဲ။ ရည်မှန်းချက်ကြီးလေလေ လောကဓာရဲ့ဖိအားကို ခံရလေလေပဲ။ ဒါကြောာင့်မို့ ရည်းမှန်းချက်ကြီးတဲ့သူတွေ ဟာလည်း..ဒီအချက်ကိုသိထားသင့်တယ်တဲ့။

၆။ လွယ်လွယ်လေးနဲ့ အရှုံးပေးလို့ ရတယ်ဆိုပေမယ့်..အရှုံးရဲ့နောက်ကွယ်မှာခံနိုင်ရည်ရှိဖို့ လိုသေးတယ်နော်။

၇။ တချို့ ကအချစ်ဟာ သနားခြင်း၊အထင်ကြီးလေးစားခြင်းကနေစတာတဲ့။

၈။ သည်းမခံနိုင်တဲ့အထိသည်းခံတဲ့အခါမှာ..သည်းခံခြင်းရဲ့အကျိုးကျေးဇူးကိုခံစားရလိမ့်မယ်တဲ့။

၉။ ၀ါးပေတွေဟာ..မြင့်လေလေညှို့လေလေပဲ။ ပညာရှိတဲ့သူတွေဟာလည်းဒီလိုပါပဲ။ ပညာရှိလေလေ..ကိုယ့်ကိုယ်ကို နှိုမ့်ချတဲ့စိတ်ရှိလေလေပဲ။ မမောက်မာတတ်ဘူးတဲ့။


0 comments:

Post a Comment